26 C
Yangon

ရွာငံ၊ ပဲရင်းတောင်ကျေးရွာမှ ပြည်သူ ၆ ဦးကို PDF ဟုဆိုကာ စစ်တပ်က သတ်ဖြတ်သွား၊ တန့်ဆည်တွင်လည်း စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းပျက်စီးပြီး ပြည်သူ ၆ ဦး စစ်တပ်ကဖမ်းဆီးထား

Must read

ရန်ကုန်၊ ဧပြီ ၂၂

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က PDF များဟုဆိုကာ ပစ်ခတ် သတ်ဖြတ်သွားကြောင်း ရွာငံ YPDF က တရားဝင် သတင်းထုတ်ပြန်သည်။

ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာမှ ဖမ်းဆီးခံရသော ပြည်သူများကို အကြမ်း ဖက် စစ်ကောင်စီက PDF ဟု အမည်တပ် စွပ်စွဲကာ ပဲရင်းတောင်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာတွင် သတ်ဖြတ်ခဲ့ကြောင်းနှင့် သတ်ဖြတ်ခံရသော ရွာသားများ၏ အမည်များကို အတည်ပြုနေဆဲဖြစ်ကြောင်း ရွာငံYPDF က သတင်းထုတ် ပြန်သည်။

ဒေသသတင်းရင်းမြစ်ကမူ ” သေဆုံးသူတွေက ဘေးလွတ်ရာရှောင်နေကြတဲ့သူတွေ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်တည်မြို့နယ်၊ ဂရိတ်ကျေးရွာ စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်းသည် ယမန်နေ့ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားကြောင်း၊ စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အား ၁၀၀ ခန့် ချထားပြီး အပြစ်မဲ့ ပြည်သူ ၆ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရွာငံတွင် စစ်တပ်က သတ်ဖြတ်သွားသော ရွာသား ၆ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article