25 C
Yangon

ယနေ့ နံနက်ပိုင်း စစ်ကိုင်းဘက်သို့ အင်အားတိုးချဲ့သော စစ်ယာဉ်တန်းနှင့် ရဲယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်ဘီဘက်မှ ၁၃ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရ၊ ဖုန်းလိုင်းဖြတ်တောက်သည့် ဂျမ်ဘာကား အပါအဝင် စစ်ကားများပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၂၂

မန္တလေးမှ စစ်ကိုင်းတိုင်းဘက်သို့ ယနေ့နံနက်ပိုင်း အင်အားတိုးချဲ့လာသော စစ် ကောင်စီယာဉ်တန်း၊ ရဲယာဉ်တန်းများ ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရပြီး ၁၃ ဦးထက်မနည်း သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန် မန္တလေး-မုံရွာလမ်းမပေါ်၊ မုံရွာမှ မြင်းမူဘက်သို့ အသွား ဂွေးပင်တောရွာနှင့် ဘိုးမင်းကြီးကင်းအကြား Jumper ကားနှစ်စီးနှင့်ကားရှေ့မှ လမ်းလျှောက်သွားသော စစ်အင်အား ၂၀ ဦးခန့်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM က ဦး ဆောင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

၄ လုံးဆင့် ကျောက်တိုင် မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ ဂျမ်ဘာကား၏ ရှေ့ပိုင်းနှင့် ဘေးဘက်များ ပျက်စီးသွားကြောင်း၊ စစ်သား ၈ ဦးသေဆုံးကာ ကျန် ၁၅ ဦးမှာလည်း အရေးပေါ် ပို့ဆောင်ရကြောင်း၊ ယင်းနောက် ထပ်မံ၍ မိုင်း ၁၁ လုံး ထပ်မံပေါက်ကွဲပြီး အများအပြား သေဆုံးထိခိုက်နိုင်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီတွင် စစ်ကိုင်းမှ မုံရွာဘက်သို့ သွားနေသည့် ရဲကား ၂၄ စီးယာဉ်တန်းကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်နှင့် အလ္လကပ္ပကျေးရွာအကြား မိုငး်ဆွဲတိုက်ခိုက်ရာ ကားတစ်စီးပျက်စီးပြီး ရဲ ၅ ဦး သေဆုံးကြောင်း မြင်းမူ အခြေစိုက်‌ ခွေးသတ်တပ်ဖွဲ့ DK PDF-MMU က သတင်းထုတ်ပြန်သည်။

မြင်းမူမြို့နယ်အတွင်း တိုက်ခိုက်မှုများကို မြင်းမူမြို့ အခြေစိုက် ခွေးသတ်တပ်ဖွဲ့ DK PDF-MMU ၊ Black Eagle Defense Force MMU ၊ မြောင် CDSOM ၊ PAFD ညီနောင် မဟာမိတ် ၅ ဖွဲ့က စုပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article