25 C
Yangon

မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်ထားလို့ တပ်စခန်းတွေကို လာမတိုက်ကြဖို့ စစ်တပ်က ကြေညာချက်ထုတ်ပြန်

Must read

ရန်ကုန် | ဧပြီ ၂၂

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချင်ကြောင်းထုတ်ဖော်ပြောဆိုလာပြီးနောက် တပ်စခန်းတွေကို မတိုက်ခိုက်ကြဖို့ ဒီကနေ့(ဧပြီလ ၂၂ရက်)မှာ စစ်တပ်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မင်းအောင်လှိုင်က တွေ့ဆုံဖို့ ဖိတ်ခေါ်ထားတဲ့အချိန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်ကာလတွေမှာ စစ်ကောင်စီ တပ်စခန်း၊ တပ်ဌာနချုပ်တွေကို လာရောက်မတိုက်ခိုက်ကြဖို့ကို စစ်တပ်က အသိပေးတာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

လာရောက်တိုက်ခိုက်ခဲ့မယ်ဆိုရင် လိုအပ်တဲ့ အရေးယူတုန့်ပြန်မှုတွေလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article