32 C
Yangon

ကလေးမြို့၊ ရှေရှင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ ရဲ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး အလောင်း မကောက်နိုင်ဘဲ ထွက်ပြေးရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာ တိုက် ပွဲ တွင် ဗိုလ်ကြီးထက်အောင်ခိုင် အပါအဝင် ၄ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ စစ်ဗိုလ်အလောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများမကောက်နိုင်သေးကြောင်း စစ်တပ်သတင်းရင်းမြစ်များ ထံမှ သိရှိရသည်။

ကလေးမြို့အခြေစိုက် ခလရ ၈၇ မှ ဗိုလ်ကြီးထက်အောင်ခိုင်ပါ အင်အား ၁၀ ဦး၊ ကျောက်ပြုတ်ကျေးရွာ အခြေပြု လှုပ်ရှားတပ်ခွဲ ၆ မှ ဒုရဲအုပ် ချစ်ကိုကို ပါ အင်အား ၅ ဦးပါ တပ်ဖွဲ့၊ ပြည်သူ့စစ် ဉာဏ်လင်းအောင် ဦးဆောင်သော အင် အား ၁၅ ဦးပါ အဖွဲ့၊ အင်းကျွန်းကျေးရွာ အခြေပြု လှုပ်ရှားတပ်ခွဲ ၆ မှ ဒုရဲအုပ် အောင်မျိုးသိန်း ဦးဆောင်သာ အင်အား ၄ ဦးပါအဖွဲ့ စုစုပေါင်း အင်အား ၃၃ ဦး ပါအဖွဲ့သည် ရေရှင်ကျေးရွာအနီးတွင် ညနေ ၃ နာရီခန့်အချိန် PDF တပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားချိန် ဂန့်ဂေါမြို့နယ်၊ ဟံသာ၀တီကျေးရွာရှိ အမြောက်တပ်စခန်းက ၁၂၀ မမ လက်နက်ကြီးများကို ဗိုလ်ကြီးဇင်အောင်ထွန်း ဦးဆောင်သော အဖွဲ့က ပစ်ကူပေးခဲ့သော်လည်း စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များဘက်မှ ၄ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကာ အလောင်းပင်မကောက်နိုင်ဘဲ ထွက်ပြေးရကြောင်း သိရှိရသည်။

တိုက်ပွဲတွင် ခလရ ၈၇ မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ တပ်သား ရန်နိုင်ကျော်၊ ရဲဒုတပ်ကြပ် စိုးမင်းသူ၊ ပြည်သူ့ စစ်တစ်ဦး သေဆုံးကြောင်း သိရှိရသည်။

တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများ ရှိပြီး ဆက်သွယ်ရေးတပ်မှ တပ်သား ညီညီထွန်းနိုင် ၊ ဒကစ(ကလေး)မှ တပ်ကြပ် ဖိုးအေး၊ ထပရ ၉၃၄ မှ တပ်ကြပ် သိုက်စိုး၊ စကခ (၁၀) မှ တပ်ကြပ်ဇော်လွင်၊ စအရ ၉၁၆ မှ တပ်သားတင့်နိုင်ဦး၊ ပြည်သူ့စစ်များဖြစ်ကြသည့် အင်းကျွန်းရွာ မှ စိုးမင်းထွေး၊ သန်းနိုင်၊ မန်းကီး၊ ဘဂျမ်း၊ တင်ကိုဦးတို့လည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်

ဒဏ်ရာရရှိသူများသည် ဂန့်ဂေါမြို့နယ် ဟံသာ၀တီတိုက်နယ်ဆေးရုံတွင် ဆေး ကုသမှုခံယူလျက်ရှိပြီး အလောင်းများကို ကောက်ယူရန် ကြိုးစားနေကြောင်း စစ်တပ်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article