25 C
Yangon

ငပုတောမြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို မတွေ့၍ အသက် ၁၀ လအရွယ် သမီးငယ်နှင့်ဇနီးဖြစ်သူ အပါအဝင် အတူနေ မိသားစုဝင် ၆ ဦးကိုပါ စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၃

ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် ကညင်ချောင်းရွာတွင် နေထိုင်နေသည့် ငပုတောမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး၏ ဇနီး မနန်းယုသိန်းနှင့် ၁၀ လအရွယ် သမီးငယ် မဆုမြတ်ပိုင် အပါအဝင် ၎င်းတို့ကို စောင့်ရှောက်ပေးထားသော ဦးလေးဖြစ်သူ ဦးတင်ဦးနှင့် သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မလုံးချစ်၊ အိမ်နီးချင်းဖြစ်သူ ဦးကျော်စွာဝင်းနှင့် ဒေါ်အငယ်မ တို့ကို အကြမ်းဖက်စစ်ကောင်စီဝင်များက ယနေ့ ဧပြီ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့်အကြောင်းအရင်းကို အတိအကျ မသိရှိရသေးသော် လည်း တစ်ရပ်ကွက်ထဲနေ စစ်တပ်သတင်းပေး ဇော်ဇော်က PDF များရှိသည်ဟု ချောက်ချသတင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

“တစ်ရပ်ကွက်ထဲနေ ဇော်ဇော်ဆိုသူ စစ်ကောင်စီ ဒလန်က အဲဒီမိသားစုက ဦးလေးကြီး ဦးတင်ဦးကို PDF လို့ ချောက်ချတယ်။ သူ့ခမျာ သူ့သား မင်္ဂလာ ဆောင်အတွက် ဖိတ်စာကမ်းပြီး အပြန်မှာ ဘုမသိ ဘမသိ အဖမ်းခံရတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောဆိုသည်။

ငပုတောမြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုး သည် ပုဒ်မ ၅၀၅ ထုတ်ပြန်ခံရမှုကြောင့် ရှောင်နေသည်မှာ ကြာပြီဖြစ်ပြီး ကညင်ချောင်းရွာတွင် မိသားစုများ ရှောင်တိမ်းနေစဉ် ယခုကဲ့သို့ ၁၀ အရွယ် ကလေးငယ်အပါအဝင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဦးသက်ပိုင်စိုး၏ ဇနီး၊ ၁၀ လအရွယ် သမီးငယ်နှင့် စောင့်ရှောက်ပေး နေသည့် ဦးလေး မိသားစု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article