26 C
Yangon

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာ စခန်းမှ ဆုတ်ခွာသွားခြင်းမရှိသော စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်းရှိ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်ပါးစေ BGF များတပ်စွဲထားသော စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ တပ်ရင်းတပ်ဖွဲ့များ၊ KNDO တပ်ဖွဲ့များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲကကြီးတယ်၊ အခုထိ ပစ်နေတုန်း” ဟု KNLA တပ်မဟာ ၁ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ယနေ့ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြောဆိုသည်။

လေးကေ့စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုသည့် သတင်များ လူမှုကွန်ရက်တွင် ယနေ့ညနေပိုင်းမှ စတင်ကာ ပြန့်နှံ့နေပြီး စခန်းမသိမ်းနိုင်သေးကြောင်း KNLA တပ်မဟာ ၁ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုသည်။

KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ယနေ့ ဧပြီလ ၂၃ ရက် ည ၆ နာရီတွင် စခန်းမှ ဆုတ်ခွာရန်နှင့် မဆုတ်ခွာပါက စစ်ရေးအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း ၂ က ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article