25 C
Yangon

နတ်တလင်းတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၅ဦး သေဆုံး၊ ဂန့်ဂေါတွင်လည်း စစ်ကောင်စီ စစ်ကြောင်းများ မိုင်းဆွဲ ခံရကာ စစ်သား ၂ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနှင့် ကျောက်ပြုတ်ရွာကြားတွင် ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက် ၈နာရီခန့်တွင် Bago Region PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ(၃)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း Bago Region PDFက ထုတ်ပြန်ထားသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကိုကန်စွန်းထောင့်လမ်းခွဲ တာဝါတိုင်းအနီးတွင် ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁နာရီခန့်၌ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို PEOPLE’S DEFENCE FORCE-HTILIN တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည့် လက်ရှိချိန်တွင် ထီးလင်းမြို့နယ် အကြည်ဝါ ဘင်းရွာသို့ ရောက်ရှိနေပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်နေကာ ပြည်သူများ မွေးမြူထားသော အိမ်းမွေး တိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်နေကြောင်း PEOPLE’S DEFENCE FORCE-HTILIN တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article