25 C
Yangon

ကွမ်းခြံကုန်းတွင် ပြည်သူ ၁ ဦးကို ညှဉ်းပန်းသတ်ဖြတ်ပြီး အမျိုးသား ၈၀ ကျော်ကို နှိပ်စက်ခဲ့သည့် လေကြောင်းရန်ကာကွယ်ရေး ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမိုးပြည့် ရုတ်တရက် သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး ပြည်သူ ၈၀ ကျော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးမိုးပြည့် အသက် ၄၁ နှစ်သည် ဧပြီလ ၁၉ ရက်နေ့တွင် ရုတ်တရက် သေဆုံးသွားကြောင်း သိရှိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၄၅ ဆင်း၊ သမီး ၂ ဦး၏ ဖခင် ဗိုလ်မှူး စိုးမိုးပြည့် သည် တင်ပဆုံပိုင်း သွေး လွှတ်ကြောပေါက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်ရစ်သူ မိသားစု၏ လူမှုကွန်ရက်တွင် ရေးသားထားချက်အရ သိရှိရသည်။

“ဗိုလ်မှူး စိုးမိုးပြည့်က ရုတ်တရက် ဆုံးတာ။ ကျနော်သိတာတော့ ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးတယ်လို့ သိထားပါတယ်။ တင်ပဆုံပိုင်း သွေးလွှတ် ကြောပေါက်တာဆိုတာလား ဆိုတော့ မသိဘူး။ သူ့မိသားစုက ရေးထားရင်တော့ ဟုတ်မှာပေါ့။ သူက ဆေးကုချိန်တောင် မရလိုက်ဘူးလို့ သိရပါတယ်။ သူက လူတော်တစ်ယောက်ပါ” ဟု ၎င်း၏မိတ်‌ဆွေတစ်ဦးက ပြောသည်။

စစ်တပ်သတင်းရင်းမြစ်ကလည်း ဗိုလ်မှူး စိုးမိုးပြည့် ရုတ်တရက် သေဆုံးခဲ့သော သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာတွင် စစ်ကောင်စီတပ်က အမျိုးသား ၈၂ ဦးကို လမ်းပေါ် ဝမ်းလျား မှောက်ခိုင်းကာ ရိုက်နှက်ညှဉ်းဆဲပြီး စစ်ဆေးရာ ဒဏ်ရာပြင်းထန်သူများထဲမှ ၁ ဦး သေဆုံးမှုတွင် ဗိုလ်မှူးစိုးမိုးပြည့်က ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article