25 C
Yangon

ချောင်းဦး၊ ကင်မွန်းတော်ကျေးရွာသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ချောင်းဦး PDF မိုင်းခွဲတိုက်ခိုက်၊ စစ်သား ၂၇ ဦးသေဆုံးပြီး၊ ၆ ဦး ဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာသို့ အင်အားဖြည့်တင်းလာသော အကြမ်းဖက်စစ်ကောင်စီအင်အား ၅၀ ခန့်ကို ယနေ့ ဧပြီလ ၂၄ ရက်တွင် ချောင်းဦး PDF မိုင်းတပ်စုမှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းဦးမြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည်ဟု ချောင်းဦး PDF က ဆိုသည်။

အလားတူ ယနေ့နံနက် ၇ နာရီခန့်တွင် ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီစစ်သား ပူးပေါင်း အင်အား ၆၀ ခန့်သည် အင်းမကျေးရွာသို့ အကြမ်းဖက်စီးနင်းရန် လာရောက်စဉ် ချောင်းဦး PDF တပ်ခွဲ ၁ ရဲဘော်များက ခုခံကာကွယ်ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရေဒီယိုလှိုင်းများ ထုတ်လွှတ်နိုင်သော Jummer များအသုံးပြုခြင်းကြောင်း ချောင်းဦး PDF အနေဖြင့် မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ခြင်းမရှိဘဲ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ ဦး ဒဏ်ရာရရှိပြီး နံကန် ၁၀ နာရီခွဲတွင် အင်းမရွာမှ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် အင်းမကျေးရွာရှိ အများပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို လုယက်ခိုးယူပြီး နေအိမ် ၇၀ ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာသား ၁ ဦးကို အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article