ရန်ကုန်၊ ဧပြီ ၂၄
မကွေးတိုင်း ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ ရဲစခန်းမှ ဇနီးနှင့် စျေးဝယ် ထွက်သော ဗိုလ်ကြီး ဝေဖြိုးကို ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဂန့်ဂေါ)က ထုတ်ပြန်ထားသည်။
အဆိုပါ ဗိုလ်ကြီး ဝေဖြိုးဆိုသူကို PDF ဂန့်ဂေါ ရဲဘော်များက စောင့်ကြို ပစ်ခတ်စဉ်တွင် ကျည်ထိ ဒဏ်ရာရရှိကာ ထွက်ပြေးသွားပြီး PDF ရဲဘော်များက ရဲစခန်း အနီးအနားထိ လိုက်လံ ပစ်ခတ်ကာ သေဆုံး ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းမှ ရဲနှင့် စစ်သားများက ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ် ရေးမြို့တွင်လည်း စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသော မြို့အဝင်အထွက် ဂိတ်ကြေး ကောက်ခံသည့် ဂိတ်မှူး ၅၈၆ တပ်ရင်း သတင်းပေး ကျော်ဇေရကို ဧပြီလ ၂၄ ရက်နေ့တွင် ရေးဘီလူး တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရေးဘီလူး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။



