25 C
Yangon

ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ညနေပိုင်းတွင် ထပ်မံ ခြုံခိုတိုက်ခိုက်၊ စစ်သား ၅ ဦးထက် မနည်းသေဆုံး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Vakok (CNDF) နှင့် ပ.က.ဖ ပူးပေါင်းအဖွဲ့တို့က ယနေ့ ဧပြီလ ၂၄ ရက် ညနေ ၃ နာရီနှင့် ညနေ ၆ နာရီဝန်းကျင်တွင် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက် မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

Vakok (CNDF) နှင့် ပ.က.ဖ ပူးပေါင်းအဖွဲ့တိုသည့် ညနေ ၃ နာရီဝန်းကျင်တွင် နတ်မြောင်း ကျေးရွာဆိုင်းဘုတ်နားရှိ နေကြာခင်းထဲသို့ အကြမ်းဖက်စစ်ကောင်စီဝင်များ ဖြတ်သန်းနေချိန်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Vakok (CNDF) မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“နေကြာခင်းထဲမှာ ပြင်ကြီးမှာဆိုတော့ ပစ်တဲ့ လူတွေပြောတာ ငါးယောက်ကတော့ ပြုတ်မှာ ။ ဒါပေမဲ့ ဒဏ်ရာရတာတော့ များမှာပေါ့ သူတို့က တန်းစီပြီး လာတာဆိုတော့။ အဲဒါက ၃ နာရီလောက်တုန်းက” ဟု Vakok (CNDF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင့် ကလေးမြို့နယ် ချောင်းခွရွာထဲတွင်လည်း ညနေ ၆ နာရီဝန်းကျင်တွင် စနိုက်ပါနှင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဝင်များ သေဆုံးမှု အရေအတွက် အတိအကျကို မသိရှိရသေးပေ။

“သူတို့ အလောင်းကောက်တာကိုတော့ မြင်တယ်။ ဘယ်နှယောက်ဆိုတာ မပြောနိုင်ဘူး ဒီညနေလောက်ကတော့ ။ အလောင်းတွေ ဆွဲသွားတာတော့ တွေ့တယ်” ဟု Vakok (CNDF) မှ တာဝန်ရှိသူထံမှ သိရှိရသည်။

ထို့ပြင် ယနေ့ မနက်ပိုင်းတွင်လည်း နတ်ချောင်းကျေးရွာ မြောက်ဘက်ရှိ ဝါးပုတ်ကြီးချောင် နေရာတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များကို Vakok (CNDF) နှင့် ပ.က.ဖ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article