35 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်မှာ ဧပြီလ ၂၂ ရက်နေ့က ရေရှင်ကျေးရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲ မှာ အရာရှိ ၃ ဦးအပါအဝင် စစ်သားနဲ့ ပျူစောထီး ၂၀ ခန့် သေဆုံးခဲ့ပြီး စစ်တပ်ဘက်က အလောင်းတွေလာ ကောက် တဲ့သူမရှိဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရိန်းဂျားကလေး ကာကွယ်ရေးတပ် RKDF က ထုတ်ပြန်ခဲ့တဲ့ နယ်မြေရှင်းတဲ့ဗီဒီယိုအရ သိရပါတယ်။

– မန္တလေးတိုင်း၊ နွားထိုးကြီး-တောင်သာလမ်းမှာ စစ်တပ်ထုတ်ကုန်တွေ၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် ပစ္စည်းတွေ မသယ်ယူနိုင်အောင် နွားထိုးကြီး PDF က စစ်ဆေးနေတယ်လို့ တရားဝင် သတင်း ထုတ်ပြန် ပါတယ်။

– ခင်ဦးမြို့နယ် ရွာသာရွာကို အကြမ်းဖက်စစ်ကောင်စီဝင်တွေက PDFယောင်ဆောင်ကာ ဝင်စီးပြီး ပြည်သူ တစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့ပါတယ်။
– ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ဇုန်နေရာတချို့ကို ဧပြီလတတိယတပတ်အတွင်း ပြန်လည်စိုးမိုး နိုင်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article