25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာနဲ့ စည်သာရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PDF-Kalay၊ VAKOK (CNDF)၊ RKDF၊ ပ.က.ဖ ပူပေါင်းအဖွဲ့ကြားတိုက်ပွဲဖြစ်ပွားပြီး မိုင်းခွဲခံရမှုကြောင့် စစ်ကား ၂ စီးနဲ့ ဆိုင်ကယ်တွေ ပျက်စီးခဲ့သလို တိုက်ပွဲအတွင်း စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
– လေကြောင်းကတဆင့် စစ်ရဟတ်ယာဉ်ဖြင့် ကျဲချခဲ့သည့် ရိက္ခာထုပ်များ ကရင်လွတ်မြောက်ရေး တပ်မတော် KNLA က သိမ်းဆည်းရမိတယ်လို့ KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
– တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊ ရတနာပုံကျေးရွာအနီး တောတွင်းတနေရာမှာ ဧပြီလ ၂၃ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
– ရန်ကုန်တိုင်းဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းမှာရှိတဲ့ ရေတပ်အိမ်ရာဝင်းနဲ့ ကင်းလှည့် စစ်တပ်ကို ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက Dark shadow အဖွဲ့က ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article