33 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အီရန်အာဏာရှင်ဘာသာရေးခေါင်းဆောင်ခါမေနီရဲ့ မလှပတဲ့ ဇာတ်သိမ်းဟာ မြန်မာစစ်တပ်က လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းရင်းမြစ်တစ်ခု ဆုံးရှုံးတာတွေထက်ပိုတဲ့အပြင် နေပြည်တော်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်တယ်လို့ နိုင်ငံတကာအရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

-မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက် ခဲ့တဲ့အတွက် သေဆုံးသူ ၂၅ ဦးအထိရှိလာပြီဖြစ်ပြီး ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေရသေးတာ ကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

စစ်တပ်ကိုတိုက်ခိုက်နေတဲ့သတင်းတွေကို အချိန်နဲ့တပြေးညီ တုံ့ပြန်ချေဖျက်နိုင်ဖို့ဆိုပြီး စစ်တပ်က ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် ဦးဆောင်တဲ့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ စစ်တပ်က ထုတ်ပြန်ထားတဲ့ပြန်တမ်းအရ သိရပါတယ်။

အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသတွင်းတိုက်ခိုက်မှုတွေ ပိုပြီး အရှိန်မြင့်လာနေတဲ့အတွက် အရှေ့အလယ်ပိုင်းဒေသမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အရေးမကြီး ဘူးဆိုရင် ခရီးသွားလာတာတွေမလုပ်ကြဖို့ ကူဝိတ်နိုင်ငံနဲ့ ယူအေအီးနိုင်ငံက စစ်ကော်မရှင် သံရုံးတွေက အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အီရန်အပေါ် တိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင်ပိုင်း ၄၈ ဦး သေဆုံးခဲ့ပြီး အီရန် ခေါင်းဆောင်သစ် တွေက ဆွေးနွေးရန် ဆန္ဒရှိနေတယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article