25 C
Yangon

ခင်ဦးမြို့နယ် သံဘိုရွာကို အကြမ်းဖက် စစ်တပ်က စီးနင်း မီးရှို့ ပြည်သူပိုင် နေအိမ် ၂ဝဝ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သံဘိုကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၆ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ဝဝ ကျော် ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ကျေးရွာ အတွင်း ပြည်သူပိုင် နေအိမ်များအပြင် ကျွဲ၊ နွား၊ သိုး ၁၅ကောင်နှင့် ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီး သတ်ဖြတ်သွားကြောင်း သိရသည်။

” အကြမ်းဖက် စစ်ကောင်စီနဲ့ ပျုစောထီးတွေရဲ့လက်ချက်နဲ့ အိမ်ခြေ ၂၀၀ကျော် မီးလောင် ပြာကျသွားတယ်။ ကျွဲ၊ နွား၊ သိုး ၁၅ ကောင်ကလည်း သတ်ဖြတ်သွားတယ်။ ပြည်သာပိုင် ဆိုင်ကယ်တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်”ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article