25 C
Yangon

စစ်တပ်ပိုင် မြ၀တီဘဏ်နှင့်အင်း၀ဘဏ်တို့ ရုရှားနိုင်ငံဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်မည်ဖြစ်ပြီး ရုရှားဘဏ် ၅ ခုနှင့်မြန်မာဘဏ်များ မေလအတွင်း အစည်း အဝေးလုပ်ရန်ရှိ၊ စီးပွားရေးပိတ်ဆို့မှု ကျော်လွှားရေး ရှရှားနှင့်ပူးပေါင်း၍ စစ် တပ် က နည်းလမ်းရှာ

Must read

ရန်ကုန်၊ ဧပြီ ၂၇

စစ်တပ်ပိုင်မြ၀တီဘဏ်နှင့်အင်း၀ဘဏ်တို့ ရုရှားနိုင်ငံဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်မည်ဖြစ်ပြီး ရုရှားဘဏ် ၅ ခုနှင့်မြန်မာဘဏ်များ မေလအတွင်း အစည်းအဝေးလုပ်ရန်ရှိကြောင်း ဗဟိုဘဏ်က မြန်မာနိုင်ငံဗဟိုဘဏ်များအသင်းသို့ ပေးပို့သော စာအရ သိရှိရသည်။

ရုရှားနိုင်ငံမှ ဘဏ် ၅ ခုသည် မြန်မာနိုင်ငံဘဏ်များနှင့်ဆွေးနွေးရန် အကြံပြုလာပြီး ၂၀၂၂ ခုနှစ်မေလအတွင်း ဗီဒီယိုကွန်းဖရင့် တစ်ခု ပြုလုပ် ကျင်းပရန် အဆိုပြု ဆိုလာကြောင်း၊ စစ်တပ်ပိုင် မြဝတီဘဏ်နှင့်အင်းဝဘဏ်များသည် ရုရှားဘဏ်များတွင် ငွေစာရင်းဖွင့်ရန် အမည်စာရင်းနှင့် ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များကို ရုရှားနိုင်ငံဗဟိုဘဏ်သို့ ပေးပို့ပြီးဖြစ် ကြောင်း သိရှိရသည်။

လက်ရှိသိရှိထားရသော စာရင်းများအရ ရုရှားနိုင်ငံမှ ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ဘဏ်များတွင် စစ်တပ်ပိုင်ဘဏ်များ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်တချို့ ပါဝင်နေကြောင်း ၊ စစ်တပ်က ရုရှားဘဏ်များနှင့်ပူးပေါင်းဆောင်ရွက်ရန် မြန်မာ ပုဂ္ဂလိကဘဏ်များကို ညွှန်ကြားထားကြောင်း၊ အဓိက အားဖြင့် အမေရိကန်၊ ဥရောပနှင့် အနောက်နိုင်ငံကြီးများ၏ ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article