ရန်ကုန်၊ ဧပြီ ၂၇
ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာ နိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာဆရာများ သမဂ္ဂ (ဗလကသ) တို့မှ ဒေသခံ ပြည်သူ လူထုနှင့် ပူးပေါင်းကာ ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် “သာတူညီမျှတဲ့ လောက လူထုအားနဲ့ တိုက်ယူကြ၊ နိုင်ငံသစ်ကိုရဲရဲတည်ဆောက်ကြ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။



