ရန်ကုန်၊ ဧပြီ ၂၇
ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကို စစ်တပ်က ယနေ့ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
စစ်လော်ဘီဟန်ငြိမ်းဦးကခိုင်သင်းကြည်၏ ခင်ပွန်း ကိုခန့်နိုင်သည် စစ်တပ်ဆန့်ကျင်သူဖြစ်၍ ဖမ်းဆီးရန် လှုံ့ဆော်ရာမှ ယနေ့ညပိုင်းတွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။
ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်သည် စစ်ကောင်စီ ဖက်ဆစ် ခေါင်းဆောင် မင်းအောင်လှိုင်ပေးသော လူမှုထူးချွန်ဆင့်ကို လက်မခံနိုင်ကြောင်း လူမှုကွန် ရက်မှတစ်ဆင့် ရေးသားခဲ့သဖြင့် မင်းအောင်လှိုင် ဆုပြန်လည် ရုပ်သိမ်းကြောင်း ကြေညာခဲ့ရသည်။

