25 C
Yangon

နေပြည်တော်မှာ ရုရှားနဲ့ ဘယ်လာရု ကုန်တင်လေယာဉ်များရောက်ရှိပြီး ရုရှားကိုယ်စားလှယ်အဖွဲ့တွေ ခြေရှုပ်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၈

နေပြည်တော်မှာ ရုရှားနဲ့ ဘယ်လာရုနိုင်ငံမှ ကုန်တင်လေယာဉ်တွေ ရောက်ရှိနေပြီး ရုရှားနိုင်ငံသားတွေလည်း လေယာဉ်တွေနဲ့ လာခြေရှုပ်နေတယ်လို့ သိရပါတယ်။

ဧပြီလ ၂၆ ရက်နေ့ နေပြည်တော်မှာ ရုရှားနိုင်ငံကုန်တင်လေယာဉ်၊ ဘယ်လာရုနိုင်ငံကုန်တင်လေယာဉ် တွေ ရောက်ရှိတဲ့အပြင် ဧပြီလ ၂၇ ရက်နေ့မှာလည်း ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လေယာဉ်တစ်စင်းနဲ့ နေပြည်တော်ကို ရောက်ရှိလာပါတယ်။

ဒီနေ့ ဧပြီလ ၂၈ ရက်နေ့မှာတော့ အဲဒီရုရှား ကိုယ်စားလှယ်အဖွဲ့ရဲ့ လေယာဉ်ဟာ ပြန်လည် ထွက်ခွာဖို့ရှိပြီး တစ်ရက်အိပ်ခရီးစဉ်က ဘာအတွက်လာရောက်လာလဲဆိုတာ သေချာမသိရပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီက ရုရှားဆီက စွမ်းအင်နဲ့ စက်သုံးဆီတွေ တင်သွင်းဖို့ ကြိုးစားနေသလို လက်နက်ခဲယမ်းတွေ ဝယ်ယူမှုတွေလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်းက ပြောပါတယ်။

ရုရှားနဲ့ မြန်မာဟာ အမေရိကန်၊ ဥရောပ နိုင်ငံတွေ အပါအဝင် ကမ္ဘာကြီးက စီးပွားရေးပိတ်ဆို့မှု ခံနေရတဲ့ နိုင်ငံတွေဖြစ်တာမို့လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး၊ ကုန်သွယ်ရေးကဏ္ဍ၊ ငွေကြေးကဏ္ဍတွေမှာ ဒီထက်ပိုမို ပူးပေါင်းဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article