25 C
Yangon

ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ကြီး အေးကို ရှင်းလင်းခံရ၊ စစ်တပ်နှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သော အုပ်ကြီးဟောင်း အောင်ဇော်မင်း ပြီးနောက် ဒုတိယမြောက် ရှင်းလင်းခံရခြင်းဖြစ်

Must read

ရန်ကုန်၊ ဧပြီ ၂၈

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ သတင်းပေးဒလန်အဖြစ် သတ်မှတ်ခံထားရသူ အေးကို ကို ယမန်နေ့ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် ရှင်းလင်းခံရကြောင်း သတင်းရရှိသည်။

“မနေ့ နေဝင်ခါနီး ၆ နာရီလောက်မှာပေါ့၊ အုပ်ကြီး အေးကိုနဲ့ သူ့တပည့် ဒလန်ဖိုးဆောင်းတို့ ၂ ယောက်ကို တောမုဆိုး အဖွဲ့ဆိုလား လာရှင်းသွားတာ၊ အေးကိုကတော့ ခေါင်းပြတ်ပြီးသေတယ်၊ သူ့တပည့် ဒလန်ကတော့ ဒဏ်ရာတွေနဲ့ ပြေးသွားတယ်၊ မသေဘူးလို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကုလ အုပ်ကြီး အေးကို ကို မည်သည့်အဖွဲ့က လာရောက်ရှင်းလင်းသွားသည်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ကုလကျေးရွာတွင် အကြမ်းဖက်စစ်သားများနှင့် ပူးပေါင်းကာ သတင်းပေး ဒလန်လုပ်နေသူများ ရှိကြောင်း ၎င်းအဖွဲ့သည် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးမှုများလည်း အိမ်ထောင်ရှင် အမျိုးသမီး ၁ ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း ဒေသခံက ဆက်ပြောသည်။

“အေးကို တို့ အုပ်စုက ပြီးခဲ့တဲ့ ၂ ရက်က အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးကို ဖမ်းသွားတယ်၊ ရိုက်နှက် ထုထောင်းတာတွေလုပ်တယ်။ အရင်ကလည်း လုပ်ဖူးတယ်။ အဲဒါ မနေ့က ရှင်းခံရတာပဲ။ ကုလရွာက အရင်အုပ်ကြီး အောင်ဇော်မင်း ရှင်းခံရပြီးတော့ မျိုးမင်းခိုင် (ပိန်မ) က အုပ်ကြီးဖြစ်လာတာ၊ သူက မလုပ်ရဲဘူး၊ ပျူစောထီးမဟုတ်ဘူးဆိုပြီး စာတွေ ထုတ်တယ်၊ သူက အနောက်ကနေ ကြိုးကိုင်နေတာ၊ အေးကို က အုပ်ကြီးဖြစ်လာတာပေါ့။ ပိန်မ၊ ငငြိမ်း၊ ရန်အေး၊ မြင့်နိုင် အဲဒါ ဒလန်အဖွဲ့ပဲ၊ သောင်းကျန်းနေတာ” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုသည်။

ကုလကျေးရွာတွင် ရှင်းလင်းခံရသော အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ကြီး ၂ ဦး ရှိပြီဖြစ်ပြီး ရွာသားများကို ပစ်သတ်မည်၊ စစ်တပ်ဖြင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့သော အုပ်ကြီး အောင်ဇော်မင်းသည် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ရှင်းလင်းခံခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article