By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းကို လာကြိုတဲ့ စစ်ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကား ၂ စီးပျက်စီးပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်မှုရှိတယ်လို့ PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
-ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကို စစ်တပ်က မနေ့ကညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက လူမှုကွန်ရက်ကတစ်ဆင့် သတင်းထုတ်ပြန်ထားပါတယ်။
– နေပြည်တော်မှာ ရွှေနန်းတော်ဘီယာဆိုင်ထိုင်နေတဲ့ စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီး G 1 တစ်ဦး အပါအဝင် အုပ်ချုပ်ရေးမှူးတွေ စုစုပေါင်း ၇ ဦးကို နေပြည်တော် PDF က ဧပြီလ ၂၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ နေပြည်တော် PDF က သတင်းထုတ်ပြန်ပါတယ်။
– စစ်တပ်ပိုင်မြ၀တီဘဏ်နဲ့အင်း၀ဘဏ်တို့ ရုရှားနိုင်ငံဘဏ်တွေတွင် ငွေစာရင်းဖွင့်လှစ်တော့မှာဖြစ်ပြီး ရုရှားဘဏ် ၅ ခုနဲ့မြန်မာဘဏ်တွေ မေလအတွင်း အစည်းအဝေးလုပ်ရန်ရှိတယ်လို့ ဗဟိုဘဏ်က မြန်မာနိုင်ငံ ဗဟိုဘဏ်တွေအသင်းသို့ ပေးပို့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။