25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

တရုတ်နိုင်ငံရဲ့ သတင်းပေးမှုနဲ့ ဖမ်းဆီးရရှိခဲ့တဲ့ ရှမ်းမြောက်မူးယစ်ဆေးဝါးထုတ်လုပ်ရေး စခန်းတွေကို ဆက်ကြေးနှင့် လာဘ်ငွေယူခွင့်ပြုမှုနဲ့ ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ကို စစ်တပ်က အရေးယူထားတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

မြစ်ကြီးနားလေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စု လေ‌ဆိပ်ပိတ်ထားပြီး လေကြောင်း ခရီးစဉ် တွေပါ ဖျက်သိမ်းလိုက်တယ် လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တွေကြောင့် အသက်အိုးအိမ်ပျက်စီးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ လက်တွေ့ဘ၀ဟာ ရင်ကွဲစရာ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခေါ်)ကင်အဲရစ်ကပြောပါတယ်။

ဂျာမနီအဓိပတိ ဖရိုင်းဒရစ် မာ့ဇ်က ဒီနေ့ကျင်းပတဲ့ (၆၂) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ အမေရိကန်နဲ့ ဥရောပကြားက အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးကို ပြန်လည်ကုစားဖို့နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အလေးအနက် တိုက်တွန်းပြောဆိုတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article