ရန်ကုန်၊ ဧပြီ ၂
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မြောင်ပညာရေးကွန်ရက် Myaung Education Network မှ ဖွင့်လှစ်သော စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး သခင်ပညာရေးအားသင်ကြားသော ၂၆ ကျောင်းမြောက် အလယ်တန်းကျောင်း MEDUS-26 ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကာ CDM ပြုလုပ်လာသော ဆရာ ဆရာမများ၊ သခင်စိတ်ဖြင့်သင်ကြားပေးမည့် ဆရာဆရာမများမှ မွေးထုတ်ပေးပြီး သခင်စိတ်ရှိလာကြမည့် ကျောင်းသားကျောင်းသူများ၊ သခင်ပညာရေးကို လိုလားစွာ ဝန်းရံပေးကြသည့် ပြည်သူများ၊ သခင်ပညာရေးဖြစ်မြောက်နိုင်ရန် လုံခြုံရေးယူဆောင်ရွက်ပေးကြသော ကာကွယ်ရေးအဖွဲ့များ၊ သခင်စိတ်ရှိသော CDM ဆရာ ဆရာမများနှင့် လက်တွဲပြီး သခင်ပညာရေးလည်ပတ်နိုင်ရန် ဝိုင်းဝန်းကူညီကြသော ဗော်လန်တီယာဆရာ ဆရာမများမှ ပူးပေါင်းပါဝင်လုပ်ဆောင်နေခြင်းကြောင့် သခင်ပညာရေးဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်ထံမှ သိရှိရသည်။
အဆိုပါ ကျောင်းဖွင့်ပွဲသို့ တိုင်းဒေသကြီးအမတ်တဦးလည်းဖြစ်သူ အမျိုးသမီးစစ်သည်တော်တပ်ရင်း M2W မှ ဒုတပ်ရင်းမှူး နွေဦးဒေဝီ၊ မြောင်ပညာရေးကွန်ယက်မှကျောင်းစီမံခန့်ခွဲရေးတာဝန်ခံ မထရီဇာ၊ မြောင်ပညာရေးကွန်ယက်၏ပညာရေးတာဝန်ခံ ဆရာရတနာသိဏ္ခ၊ ကိုနွေဦး-မြောင်၊ MEDUS-26၏ ကျောင်းတာဝန်ခံနှင့် ရပ်မိရပ်ဖ၊ မြောင်ပညာရေး ဘုတ်အဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်းဲပ်ခွဲ(၂) တပ်ခွဲ (၃ )ဒုရင်းမှုးကိုတိုက်ဂါး၊ တောင်ပိုင်းခေါင်းဆောင် ဗိုလ်ကျားသစ်တို့မှ ဂုဏ်ပြုစကားများ ပြောကြားကြောင်း သတင်းရရှိသည်။
ကျောင်းဖွင့်ပွဲကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော CDSOM၊ PDF Taloke၊ MGN Ranger၊ မြောင်တပ်ရင်း ၆၊ CRF မြင်းမူ တို့က ပူးပေါင်းလုံခြုံရေးယူပေးခဲ့ကြောင်း သိရှိရသည်။



