25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူးလည်းဖြစ်သူ သတင်းပေးဒလန်အဖြစ် သတ်မှတ်ခံထားရသူ အေးကို ရှင်းလင်း ခံလိုက်ရပါတယ်။

– မကွေးတိုင်း၊ မခုက္ကူမြို့ နဲ့ မြိုင်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ သွားလာနေတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြောက်ကျားအဖွဲ့တွေက ပဒေသာမိုင်း ၁၀ လုံးနဲ့ မနေ့က ညပိုင်းမှာ ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ PUGF က သတင်းထုတ်ပြန်ထားပါတယ်။

– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပျူစောထီး အဖွဲ့ တွေကို Royal Tiger ပြောက်ကျားအဖွဲ့ (ခင်ဦး) က ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article