By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း နယ်မြေကျူးကျော်ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ၁ ခုကို KNLA တပ်မဟာ ၅ တပ်ဖွဲ့တွေက မနေ့ကသိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။
– ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနဲ့ စစ်ကားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ စစ်သား ၂၀ ဦးသေဆုံးခဲ့ပါတယ်။
– ရန်ကုန်ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်မှာ လူငယ် ၁၄ ဦးကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
– ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းမှာအကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မတူပီက ဧပြီလ ၂၈ ရက် နံနက် ၇ နာရီခွဲမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
– ကလေးမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်သား အလောင်း ၇ လောင်းနဲ့ လက်နက်တွေ သိမ်းဆည်းရမိတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။