25 C
Yangon

YDF က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းကို ပြန်မလွှတ်လျှင် ပြည်သူကို သတ်ဖြတ်ပြီး ကျေးရွာများ မီးရှို့မည့်ဟု စစ်တပ်က ခြိမ်းခြောက်ဖိအားပေး

Must read

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ ယောဒေသတွင် YDF က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၁ ဦး ကို ပြန်မလွှတ်လျှင် ပြည်သူကို သတ်ဖြတ်ပြီး ကျေးရွာများ မီးရှို့မည့်ဟု စစ်တပ်က ခြိမ်းခြောက်ဖိအားပေးလာကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် ယောဒေသကာကွယ်ရေးတပ် (YDF) တို့ ဧပြီလ ၂၅ ရက်နေ့ အကြည်ဝါးဘင်းကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း YDF က အကြမ်းဖက်စစ်သား နိုင်လင်းအောင်ကို ဖမ်းမိကာ လက်နက်များသိမ်းဆည်းရမိကြောင်း၊ လက်ရှိတွင် စစ်တပ် စစ်ကြောင်းမှူးဆိုသူက YDF သို့ဆက်သွယ်လာပြီး ၎င်းတို့ စစ်သား နိုင်လင်းအောင်ကို ပြန်လွှတ်ရန်နှင့် း ပြန်မလွှတ်ပါက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုလာကြောင်း YDF က ယနေ့ ဧပြီ ၂၉ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများကို ယခုကဲ့သို့ ပြန်ပေးဆွဲသလို ခြိမ်းခြောက်ပြောဆိုမှု ၊ ရွာများကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်မှုများမှာ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက် ယုတ်မာမှု အဖြစ် အထင်အရှားတွေ့မြင်ရကြောင်း YDF က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

YDF အနေနှင့် စစ်တပ်၏ ဆက်သွယ်ပြောဆိုမှုကို တရားဥပဒေနှင့် အညီ ၊ စစ်စည်းကမ်းများနှင့် အညီ ပြန်လည် တုံ့ပြန်သွားမည်ဖြစ်ပြီး ယောဒေသရှိ သာမန်ပြည်သူများကို တိုက်ခိုက်ဖျက်ဆီးလာပါက စစ်ရေးနည်းလမ်းအရ တုံ့ပြန်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါက တာဝန်ရှိသူများက တာဝန်ခံရမည်ဖြစ်ကြောင်း YDF ၏ ထုတ်ပြန်ချက်တွင် အသိပေး ကြေညာထားသည်။

ဓာတ်ပုံ- YDF က ဖမ်းမိထား‌ောသ အကြမ်းဖက်စစ်သားနှင့် လက်နက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article