25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ရန်ကုန် နဲ့ မန္တလေးမြို့ကြီးတွေမှာ အခု ရက်ပိုင်းအတွင်း လျှပ်စစ်မီး ရရှိချိန် ၁ နာရီတောင် မရှိတော့ဘဲ အများစု အချိန်တွေဟာ မီးပြတ်နေတယ်လို့ ရန်ကုန် နဲ့ မန္တလေးမြို့ခံတွေက ရန်ကုန်ခေတ်သစ်ကိုပြော ပါတယ်။
-စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာနဲ့ အရာတော်မြို့ကြားမှာရှိတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ စခန်း ၂ ခုကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ မနက်အစောပိုင်း ၂ နာရီကျော် လောက်မှာ ဝင်ရောက် စီးနင်းပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
– တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ပန်းဒလဲ ကျေးရွာကို မနေ့က ညပိုင်းမှာ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီး အင်အား ၂၀ နီးပါး ဝင်ရောက်လာပြီး ရွာသား ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်သွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article