29 C
Yangon

ရေစကြို ဂွက်ကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့နေ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

မကွေးတိုင်း ရေစကြိုမြို့နယ် ဂွက်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ယနေ့ ဧပြီလ ၃ဝ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများက လမ်းပြပြုလုပ်ကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

” ဒီနေ့ မွန်းလွဲ ၂နာရီလောက် စစ်ခွေးတွေနဲ့ ပျူစောထီး အရပ်ဝတ်တွေကို ဝင်းစီးပြီး မီးရှို့တာ သေနတ်တွေလည်း ဆက်တိုက်ဖောက်တယ်။ ပြည်သူတွေ အကုန်လုံးလည်း ပြေးနေရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article