28.6 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2022

တောင်ပျောက် တိုက်နယ်ကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် စစ်ရှောင်များရှိရာ နေရာနှင့် ရွာထဲသို့ ကျရောက်ပြီး ပြည်သူ ၁ဦး ထိမှန် စိုးရိမ်ရ၊ မယ်ကဲရွာသား ၇ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး စစ်ရှောင်ပြည်သူများနှင့် ကျေးရွာများ အတွင်းသို့ ကျရောက်ခဲ့သော...

KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လတစ်လအတွင်း တိုက်ပွဲ ၃၅၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီမှ တပ်ရင်းမှူး ၁ ဦး၊ ဒု-တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၁၈ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅၊ မူတြော် (ဖာပွန်) ခရိုင်တွင် ၂၀၂၂ ခုနှစ် မတ်လ ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲပေါင်း ၃၅၉ ကြိမ်...

စစ်ကောင်စီတပ်ရင်း ခမရ ၅၈၅ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သား ၁ ဦး လက်နက်များနှင့်အတူ KNLA ထံ အလင်းဝင်

ရန်ကုန်၊ ဧပြီ ၂ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသသို့ ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၅၈၅ မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်နှင့် တပ်သားဟိန်းမင်းထွေးတို့ ၂ ဦးသည် KNLA ကော်ဘရာစစ်ကြောင်းထံ သေနတ် ၃...

စုန်းချောင်းတွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဒေသခံ ပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ဒေသခံ ပြည်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဆေးတပ်ဖွဲ့ကို ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်၊ မန္တလေးတွင် ၇၈ လမ်းမြ၀တီဘဏ်ကို သေနတ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ ဧပြီ ၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဆေးတပ်ဖွဲ့ကို ယနေ့ ညနေ ၄ နာရီအချိန်တွင် ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ပေါ် အခြေစိုက် ပျောက်ကြားတပ်ဖွဲ့တစ်ခုထံမှ သိရှိရသည်။ "ဒီနေ့ ညနေ ၄နာရီခွဲခန့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆေးတပ်ကို...

မင်းတပ်-မတူပီလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ရက်ဆက်တိုက်ဖြစ်ပွားနေပြီး ချန်းပြန်းရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကြောင်း CDF – မတူပီက သတင်းထုတ်ပြန်သည်။

မတူပီမြို့နယ်၊ ချန်းပြန်းရွာအနီးတွင် ယနေ့ ဧပြီလ ၂ ရက် နံနက် ၁၁ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF - မတူပီက တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးထက်မနည်းသေဆုံးကြောင်း CDF - မတူပီဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။ယမန်နေ့ တိုက်ပွဲတွင်လည်း CDF...

မတူပီ၊ ချန်းပြန်းရွာအနီးတိုက်ပွဲတွင် စစ်သား ၆ ဦးထက်မနည်းသေဆုံး၊ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၅၂ ဝန်းကျင်တွင်လည်း CDF – မင်းတပ်က စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်နေ

ရန်ကုန်၊ ဧပြီ ၂ မင်းတပ်-မတူပီလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ရက်ဆက်တိုက်ဖြစ်ပွားနေပြီး ချန်းပြန်းရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကြောင်း CDF - မတူပီက သတင်းထုတ်ပြန်သည်။မတူပီမြို့နယ်၊ ချန်းပြန်းရွာအနီးတွင် ယနေ့ ဧပြီလ ၂ ရက် နံနက် ၁၁ နာရီခွဲခန့်က...

Khit Thit သတင်းဌာန၏ ဧပြီ ၂ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၂ ရက် ညနေပိုင်း ရရှိထားတဲ့ သတင်းတွေကတော့- လမ်းအသုံးပြုခ ကောက်ခံရေး ဂိတ် ၈ ခုထဲက ဝင်ငွေကောင်းတဲ့ ဂိတ် ၃ ခုအတွက် ဦးကျော်သက် ဆိုသူဆီကို ကချင်ပြည်နယ် စစ်ကောင်စီက နေ လက်သိပ်ထိုး ချပေးခဲ့တယ်လို့...

ပြင်ဦးလွင် စစ်တက္ကသိုလ် ဂိတ်ပေါက် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် စစ်သား ၅ ဦးသေဆုံး၊ ပုသိမ်ကြီး ကြံ့ဖွတ်ရုံးလည်း ဗုံးပစ်ခံရ

ရန်ကုန်၊ ဧပြီ ၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် ဂိတ်ကို ဧပြီလ ၁ရက်နေ့ ညပိုင်းက လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် စစ်သား ၅ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင် PDF တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါတိုက်ခိုက်မှုကို PDF POL နှင့်...

ရေစကြိုနယ် ရေလယ်ကျွန်းရွာတွေမှာ စစ်ရေးတင်းမာ၊ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားပြီး စစ်တပ်က နေအိမ်အချို့ကို မီးရှို

ရန်ကုန်| ဧပြီ ၂ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ရမ်းကားပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားသလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ကနဦး သိရပါတယ်။စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး တစ်ဖွဲ့ကို အင်အား ၅၀ ဝန်းကျင်ပါဝင်ပြီး လှုပ်ရှားနေတာလို့ ရေစကြို...

Latest news

- Advertisement -spot_img