28 C
Yangon

ရန်ကုန်တွင် PDF ၁၁ ဦးကို သတ်ဖြတ်ဖမ်းဆီးခံရစေရန် သတင်းပေးသူ အင်းစိန်ဒညင်းကုန်းရပ်ကွက်မှ ရာအိမ်မှူး ဖြိုးကိုကို(ခ) အသေးလေး သေနတ်ဖြင့် ၁၉ ချက် အပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်တွင် PDF ၁၁ ဦးကို စစ် တပ် က သတ်ဖြတ်ဖမ်းဆီးခံရစေရန် သတင်းပေးသူ ရာအိမ်မှူး ဖြိုးကိုကို(ခ) အသေးလေး ယနေ့ သေနတ်ဖြင့် ၁၉ ချက် အပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

မေလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန် ဒညင်းကုန်းရပ်ကွက်တွင်ရှိနေသော စစ်ကောင်စီခန့် ရာအိမ်မှူး သတင်းပေး ဖြိုးကိုကို (ခ) အသေးလေးကို YLF အဖွဲ့သားများက သေနတ်ဖြင့် ပစ်ခတ်ရာ ကျည် ၁၉ ချက် ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဖြိုးကိုကို (ခ) အသေးလေးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီတွင် ဖြစ်ပွားခဲ့သော ဒညင်းကုန်းတိုက်တန်း စီးနှင်းမှုဖြစ်စဉ်၏ အဓိကသတင်းပေးဖြစ်ပြီး ၎င်း၏ တိုင်တောမှုကြောင့် မြေအောက်လှုပ်ရှားမှု တော်လှန်ရေးအဖွဲ့သား ၁၁ ဦး၏ အသက်အန္တရာယ်ကို ထိခိုက်စေခဲ့သည့်ပြင် အဖွဲ့သားများ၏ အိုးအိမ်စည်းစိမ်များကိုပါ ချိတ်ပိတ်သိမ်းဆည်းခြင်း ခံခဲ့ရကြောင်း၊ ထိုချိတ်ပိတ်ခံရသော အိမ်များ၌ ရှိသော အိမ်ထောင်ပစ္စည်းများအား ၎င်းစိတ်ကြိုက် ခိုးယူ ရောင်းချခြင်း၊ သုံးစွဲခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဒညင်းကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများကိုလည်း ဧည့်စာရင်းတိုင်သည့်ကိစ္စများအတွက် ငွေကြေး အမြောက်အများပေးမှသာလျှင် ပြုလုပ်ပေးခြင်း၊ ဒညင်းကုန်စက်မှုဇုန်အတွင်း ဆက်ကြေးကောက်ခံခြင်း၊ ဒညင်းကုန်ရပ်ကွက်အတွင်း ရပ်နားသော ကုန်တင်ယာဉ်များကိုလဲ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ထက်စီးနှင်းကာ ပြည်သူကို မတရားသဖြင့် ဖိနှပ်နေသော ဖြိုးကိုကို (ခ) အသေးလေး အား YLF မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များက လက်တုံ့ပြန်ရှင်းလင်းခြင်းဖြစ် ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

ဓာတ်ပုံ- PDF ၁၁ ဦးကို စစ် တပ် က သတ်ဖြတ်ဖမ်းဆီးခံရစေရန် သတင်းပေးသူ ရာအိမ်မှူး ဖြိုးကိုကို(ခ) အသေးလေး သေဆုံးသွားပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article