ရန်ကုန်၊ မေ ၁
မကွေးတိုင်း ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က အထိနာနေသောကြောင့် ဒေသခံ ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်နေခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထီးလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်မှ စစ်ကြောင်းထိုးလျက်ရှိပြီး ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြိမ်ကြိမ်ထိတွေ့မှုများ ဖြစ်ပွားကာ စစ်သားများ သေဆုံးမှု များပြားနေပြီး ပထိနာနေကြောင့် ဒေသခံပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်း ပြုလုပ်နေခြင်းဖြစ်ကြောင်း YDF Htilin Battalion- 3 တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် ပြည်သူများကို YDF Htilin (Shwe Som Nyo)မှ ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးနေပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကာ စစ်ဘေးရှောင် ဒေသခံပြည်သူများ အတွက် အကူအညီ များစွာ လိုအပ်လျက် ရှိကြောင်း သိရသည်။