25 C
Yangon

စလင်းမြို့၊ ဝက်သည်းကန်အနီး ကင်းလှည့်နေသော ရဲများကို အပြင်းစား C4 ယမ်းပါ တင့်ဖျက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စလင်းမြို့၊ ဝက်သည်းကန်အနီး ကင်းလှည့်နေသော ရဲများကို အပြင်းစား C4 ယမ်းပါ တင့်ဖျက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၆ ဦးသေဆုံးကြော်ငး ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းက သတင်းထုတ်ပြန်သည်။

မေလ ၁ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စလင်းမြို့၊ ဝက်သည်းကန်အနီးကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင် ၉ ဦး လိုက်ပါသော ဆိုင်ကယ် ၅ စီးကို အပြင်းစား C4 ပါ တင့်ဖျက်မိုင်း အကြီးနှစ်လုံး အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း၊ ” တိုက်တိုင်းအောင် စစ်ဆင်ရေး – ၂ ” အဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။


မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းပြီး ” ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း ” ထံတွင်း တစ်ပတ်အတွင်း အမြန်ဆုံး ဆက်သွယ်အလင်းဝင်ရန် နောက်ဆုံးအကြိမ်သတိပေးကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ရဲတပ်ဖွဲ့ဝင်များ။

Photo- Getty Image။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article