25 C
Yangon

ဖားကန့် အာဇာနည် ကိုဝေဖြိုး ကျဆုံးခြင်း ၁ နှစ်ပြည့် ဝမ်းနည်းခြင်းသပိတ်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြည်သူများ တက်ရောက်

Must read

ရန်ကုန်၊ မေ ၂

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မေ ၂ ရက်နေ့ ဦးခေါင်းတွင် ကျည်ထိမှန် ကာ ကျဆုံးခဲ့ သော ဖားကန့်အာဇာနည် ကိုဝေဖြိုး ကျဆုံးခြင်း ၁ နှစ် ပြည့် ဝမ်းနည်းခြင်းသပိတ်၊ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး သပိတ်နှင့် KIA PDF NUG ထောက်ခံပွဲအဖြစ် ပြည်သူများက ချီတက် ဆန္ဒပြကြသည်။

ဆန္ဒပြ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှား မှု များအတွင်း ကျဆုံးခဲ့ရသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကောင်းရာသုဂတိ လားပါစေ ဟု ဆုတောင်း ပေးခဲ့ကြသည်။

ဖားကန့် လုံးခင်း တွင် နေထိုင်သော အသက် ၃၃ နှစ် အရွယ် ကိုသီဟသူ(ခ) ကိုဝေဖြိုး သည် ၂၀၂၁ မေ လ ၂ ရက် နေ့ဖားကန့် မှော်ဝမ်းရပ်ကွက် မြန်မာ့စီးပွားရေး ဘဏ် အနီး တွင် လုံးခင်း၊မှော်ဝမ်း သပိတ်စစ်ကြောင်းနှင့် အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဦးခေါင်းတွင်သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီးကျဆုံးခဲ့ရခြင်းဖြစ်သည်။

ဖားကန့်မြို့ လူထု သပိတ်တိုက်ပွဲ အတွင်း ပြည်သူ ၃ဦး ကျဆုံးခဲ့ကာ ၄၅ ဦးမှာ ယနေ့အချိန် အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article