ရန်ကုန်၊ မေ ၂
ဝက်လက်မြို့နယ် လူထု သပိတ်စစ်ကြောင်း ဖြိုခွင်း ခံရခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် အဖြင့် ဝက်လက် ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂ရက်နေ့တွင် ဝက်လက်မြို့နယ် စစ်ကောင်စီ ဗျူဟာလမ်းပေါ်ထိ “မကျေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
ထို သပိတ် စစ်ကြောင်းကို ဝက်လက် တော်လှန်ရေး တပ်ဦး (WPRF)၊ တော်ဝင်ဒေါင်း၊ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁၅) ၊ တပ်ရင်း (၁၇) နှင့် တပ်ရင်း (၂၃) တို့်မှ လုံခြုံရေးပေးကာ လိုက်ပါဝန်းရံ ခဲ့ကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2022/05/FB_IMG_1651488692542.jpg)
![](https://yktnews.com/wp-content/uploads/2022/05/FB_IMG_1651488694422.jpg)
![](https://yktnews.com/wp-content/uploads/2022/05/FB_IMG_1651488696227.jpg)
![](https://yktnews.com/wp-content/uploads/2022/05/FB_IMG_1651488698075.jpg)