25 C
Yangon

ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ ကူညီထောက်ပံ့နိုင်မည့် တူမီးထီတစ်စောင်ကို ၅ ဒေါ်လာဖြင့် စတင်ကံစမ်းနိုင်ပြီဖြစ်

Must read

ရန်ကုန်၊ မေ ၂

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၊ CDM ဝန်ထမ်းများနှင့် တော်လှန်ရေးကာလအတွင်း စစ်ဘေးရှောင်ပြည်သူများထံ ထောက်ပံ့ငွေများ ရောက်ရှိနိုင်ရန် ပြုလုပ်ထားသည့် တူမီးထီအစီအစဉ်ကို ယခု မေလမှ စတင်မည်ဖြစ်ပြီး တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာဖြင့် စတင်ကံစမ်းနိုင်ပြီဖြစ်ကြောင်း ချင်းရံပုံငွေအဖွဲ့ Chin Relief Funding Program (CRFP)ထံမှ သိရှိရသည်။

မေလ ၃၁ ရက်နေ့တွင် ပထမဆုံးအကြိမ် ပေါက်မဲဖွင့်လှစ်သွားမည်ဖြစ်ပြီး ပထမဆု – ဒေါ်လာ ၁,၀၀၀၊ ဒုတိယဆု – ဒေါ်လာ ၃၀၀၊ တတိယဆု – ဒေါ်လာ ၂၅၀၊ စတုတ္ထဆု – ဒေါ်လာ ၂၀၀၊ ပဉ္စမဆု – ဒေါ်လာ ၁၂၅ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

“တူမီးထီဟာ တော်လှန်ရေးရန်ပုံငွေရှာဖွေခြင်း သက်သက်မဟုတ်ဘဲ ချင်းပြည်အစိုးရပေါ်လာပါက တရားဝင်ဖက်ဒရယ်ထီအဖြစ် အစိုးရထံအပ်နှံဖို့ရည်ရွယ်ထားတာတစ်ခုဖြစ်တာကြောင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်တစ်ခုကို ကြိုတင်စမ်းသပ်အကောင်အထည်ဖော်ခြင်းဖြစ်တာကြောင့် တူမီးထီထိုးခြင်းက “စနစ်တစ်ခုကို အောင်မြင်အောင်” အားထုတ်ခြင်းဖြစ်သလို ချင်းတော်လှန်ရေးအင်အားစုများအတွက် လိုအပ်သည့်ဘဏ္ဍာငွေအားဖြည့်ပေးခြင်းလည်းဖြစ်တာကြောင့် ဖက်ဒရယ်စနစ်ကိုလိုလားသူတိုင်း၊ ချင်းတော်လှန်ရေးအင်အားစုကို အားဖြည့်လိုသူတိုင်း ထိုးသင့်တယ်လို့ တိုက်တွန်းလိုပါတယ်။

နောက်ပြီး တူမီးထီဟာ ချင်းတစ်ပြည်လုံးကို ရည်ရွယ်ပြီးဘဏ္ဍာငွေရှာဖွေခြင်းဖြစ်တာကြောင့် တူမီးထီထိုးခြင်းသည် ချင်းတစ်ပြည်လုံး၏ လိုအပ်ချက်ကို အုတ်တချက်သဲတစ်ပွင့်ပမာ အားဖြည့်တာဖြစ်တာကြောင့် လူတိုင်း တူမီးထီ ထိုးပေးကြပါလို့ တောင်းဆိုချင်ပါတယ်။” ဟု ချင်းရံပုံငွေအဖွဲ့ Chin Relief Funding Program ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒိုခါရ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တူမီးထီ ဖုန်း Application ကို Android ဖုန်းများတွင် https://chin-lottery.com/apps/tumee.apk မှလည်းကောင်း iphone ဖုန်းတွင် https://tinyurl.com/tumee-safari မှလည်းကောင်း ဒေါင်းလုပ်လုပ်ကာ ထည့်သွင်းနိုင်ကြောင်း သိရှိရသည်။

ငွေထည့်သွင်းရန်အတွက် https://tinyurl.com/tumee-deposit မှ သွားရောက်နိုင်ပြီး https://tinyurl.com/tumee-Ticket တွင် ထီလက်မှတ် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

တူမီးထီသည် တော်လှန်ရေးကာလအတွင်း ရန်ပုံငွေ ရှာဖွေရေးအတွက် ယာယီ သတ်မှတ်ထားသော အမည်ဖြစ်ပြီး ချင်းပြည်အစိုးရသစ် ပေါ်ပေါက်လာလျှင် Federal Lottery အဖြစ် ချင်းဖက်ဒရယ်အစိုးရထံ အပ်နှံသွားမည်ဟု CRFP က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article