25 C
Yangon

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဆီယံအထူးကိုယ်စား လှယ်နှင့် မေလအကုန်တွင် တွေ့ဆုံခွင့်ပြုရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်က မင်းအောင်လှိုင်ကို ဖိအားပေး

Must read

ရန်ကုန်၊ မေ ၂

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံခွင့်ပြုရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်က မင်းအောင်လှိုင်ကို ယနေ့ အွန်လိုင်းမှ တွေ့ဆုံစဉ် ဖိအားပေးတောင်းဆိုလိုက်ကြောင်း ကမ္ဘောဒီးယားအစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆင်တို့ ယနေ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဟွန်ဆင်က ဩစတြေးလျနိုင်ငံသား ပညာရှင် ရှောင်တာနာ အပါအဝင် နိုင်ငံရေးအကျသ်းသားအားလုံး လွှတ်ပေးရန်၊ မေလအကုန် အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့်တွေ့ဆုံခွင့်ပေးရန် ၊ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန် မင်းအောင်လှိုင်ကို တောင်းဆိုသည်။

မင်းအောင်လှိုင်ကမူ အဆိုပါတောင်းဆိုမှုများကို အခြားတွေ့ဆုံသင့်သူများနှင့်တွေ့ဆုံရန် ပြန်လည်တုံ့ပြန်ကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကမူ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် အာဆီယံဘုံသဘောတူညီချက်အကောင်အထည်ဖော်ရန် ပြောဆိုကြောင်း သိရှိရသည်။

စစ်ကောင်စီက ယနေ့ည ၈ နာရီ ဝါဒဖြန့် သတင်းထုတ်ပြန်ရာတွင် ကမ္ဘော ဒီးယားဝန်ကြီးချုပ်၏ ဖိအားပေး တောင်းဆိုချက်များကို ဖော်ပြခြင်းမပြုဘဲ မင်းအောင်လှိုင်၏ ပြောဆိုချက်များကို သာ အလေးပေး ဖော်ပြသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- သမ္မတဦးဝင်းမြင့်နှင့်ဇနီးတို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article