25 C
Yangon

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးနီးပါး သေဆုံးပြီး အောင်ပွဲရ PDF များကို ပြည်သူများက သောင်း သောင်းဖျဖျကြိုဆို၊ ဘုတလင်နှင့်စိုင်ပြင်အကြား စစ်သား ၄၀ ဦးသေဆုံး၊ ပေါက်-ပခုက္ကူလမ်းရှိ စစ်ဆေးရေးဂိတ်တွင် ပါဆယ်မိုင်းပေါက်ပြီး ရဲ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

မေလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်များနှင့် မြောင် PDF နှင့် မဟာမိတ် အဖွဲ့ ၂၅ဖွဲ့ကျော် တို့ စုပေါင်း၍ ယနေ့နံနက်တွင် ၃နာရီခွဲကြာတိုက်ပွဲဖြစ်ကြကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၃၅ ဦး အနည်းဆုံးသေဆုံးကြောင်း ၊ ထိုတိုက် ပွဲအတွက် မဟာမိတ်များမှ နံနက် ၄နာရီတွင် ပြင်ဆင်ခဲ့ကြကြောင်း၊ ထိုစစ် ကြောင်းအား လိုက်လံသုတ်သင်ရာ ပထမနေ့တွင် စစ်သား ၃ ဦး သေဆုံးကြောင်း၊ ဒုတိယနေ့တွင် စစ်သားသေဆုံးမှု မသိရကြောင်း၊ တတိယနေ့တွင် စစ်သား အနည်ဆုံး ၃၅ ဦးသေဆုံးကြောင်း သိရှိရသည်။

မေလ ၁ ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် စစ်ကောင်စီတပ်သား နှင့် ရဲတပ်သားအင်အား ၁၀၀ ကျော်ခန့်သည် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် Myaung Revolution Army (MRA) ဌာနချုပ် စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ PDF များက ဘေးကင်းလုံခြုံစွာ ဆုတ်ခွာပြီး စစ်ကောင်စီ တပ် သား နှင့် ရဲတပ်သားများက စခန်းကို မီးရှို့ဖျက်ဆီးနေစဉ်တွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံးပြီး ၁၄ ဦး ပြင်းထန်စွာဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး မြောင်MRA Drone တပ်ဖွဲ့ကလည်း Drone ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသော စစ်ကောင် စီတပ်သားများကို သယ်ယူထမ်းပိုး၍ MRA စခန်းမှ စစ်တပ်က အလျင်အမြန် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဒဏ်ရာရ တပ်သားများအား သယ်ဆောင်၍ ဆုတ်ခွာနေသော စစ်‌ကောင်စီ စစ်ကြောင်းအား မိမိတို့ MRA အဖွဲ့မှ Drone ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ် သား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နှင့်စိုင်ပြင်မြို့အကြား စစ်တပ်အင်အား ၅၀ ဦးနှင့် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားပြီး လက်ပန်ရွာအနီးအရောက်တွင် မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ကာ စစ်သား ၅ ဦးသေဆုံးကြောင်း၊ ဦးဥတ္တမလမ်းခွဲအရောက်တွင် မိုင်း ၃ လုံးဖြင့် ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ဖောက်ခွဲရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း ၊အုတ်ဖိုရွာအနီးတွင်လည်း စစ်သား ၅ ဦးထပ်မံ သေဆုံးကြောင်း၊ စိုင်ပြင်တောင်ဘက်နွားခြံအနီးတွင်လည်း မိုင်း ၅ လုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂၀ သေဆုံးကြောင်း စုစုပေါင်း စစ်သား ၄၀ သေဆုံးကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

ဧပြီလ ၃၀ ရက်နေ့ တွင် မကွေးတိုင်း၊ ပေါက်-ပခုက္ကူလမ်းပေါ် ရှောင်တခင်စစ် ဆေးရေး ဂိတ်သို့ ချိန်ကိုက်မိုင်း ပါဆယ်ကို ပေးပို့ ဖောက်ခွဲရာ ရဲ ၃ ဦးသေ ဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း PDF Pauk -တပ်ရင်း – ၄က သတင်းထုတ် ပြန် သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article