25 C
Yangon

ကလေးမြို့တောင်ပိုင်းကို စစ်တပ်က Mi35 ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေ

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်များ အထိနာလျက်ရှိပြီး စစ်ကောင်စီတပ်များက ကလေးမြို့တောင်ပိုင်း Mi35 ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်လျက်ရှိသည့်အပြင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ညနေ ၃ နာရီလောက်စပြီး ပစ်နေတာ။ ပြန်သွားလိုက် လာပစ်လိုက်နဲ့ ပစ်နေတာ။ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ကို ပစ်နေတာ။ အခု ပစ်နေတာ ၂ နာရီကျော်လောက်ရှိနေပြီ ပစ်နေတုန်း” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်များသည် နေ့စဉ် အသေကြမ်းလျက်ရှိပြီး တိုက်ပွဲတိုင်းတွင် ဆုတ်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကလေးမြို့တောင်ပိုင်းကို ယနေ့ ပစ်ခတ်တိုက်ခိုက်နေသော အကြမ်းဖက် စစ်ရဟတ်ယာဉ် Mi35 ပျံသန်းနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article