25 C
Yangon

ရွှေဘို ဆိပ်ခွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်စီး ကျေးရွာသား ကိုရှိုင်း အပါအဝင် ပြည်သူ ၆ဦးကို ပစ်သတ် ရုပ်အလောင်းများ ကောက်မရသေး

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို အကြမးဖက် စစ်တပ်က မေလ ၂ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ကိုရှိုင်း အပါအဝင် ပြည်သူ ၆ဦး ပစ်ခတ် သတ်ဖြတ်ခံရပြီး ကျေးရွာအနီးအနားတွင် ပျူစောထီး အဖွဲ့များ လှည့်လည် သွားလာနေသောကြောင့် ရုပ်အလောင်းများ ကောက်မရ သေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မေလ ၂ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ဆိပ်ခွန် မူးဘောင်ဘေးတွင် ဆိုင်ကယ် စီးနင်းလာသည့် အသက် ၂၂ နှစ်အရွယ် ကိုရှိုင်းကို ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းကို မီးရှို့ခဲ့ပြီးနောက် ဆိပ်ခွန်-နံ့သာရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မိသားစုဝင် ၅ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

” မနေ့က အသတ်ခံရတဲ့ ကောင်လေးက အသက် ၂၂ နှစ်ပါ အမည်က ကိုရှိုင်း ဆိပ်ခွန်ရွာသား အသတ်ခံရတဲ့ နေရာက ဆိပ်ခွန် မူးဘောင်ဘေးမှာပါ။ အကြမ်းဖက် စစ်တပ်က စစ်ကား ၉စီးနဲ့ လာတာ သူနဲ့ ထိပ်တိုက်တိုးပြီး ဆိုင်ကယ် ရပ်ခိုင်းတာ မရပ်ပေးလို့ ပစ်သတ်ပြီး မီးရှို့ခံလိုက်ရတာပါ။ ဆိပ်ခွန်-နံ့သာရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ အဲမှာ အိမ်ဆောက်နေတဲ့ မိသားစုကို ထိမှန်ပြီး မိသားစုဝင် ၅ဦးလုံးသေသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော ဆိပ်ခွန်-နံ့သာရွာသည် ဆိပ်ခွန် အနောက်ဘက်ခြမ်းရှိ ဇီးဖြူကုန်းရွာနှင့် အစပ်ကြား ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် မိသားစုဝင်များသည် ရွာခံများ မဟုတ်ဘဲ ပြောင်းရွေ့လာသူများ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article