25 C
Yangon

လောင်းလုံး မြောင်းပေါက်ရွာသား ကိုသားကြီးကို စစ်တပ်က ဖမ်းဆီးပြီး စွန်ရဲအဖွဲ့က သတ်ဖြတ်၊ စွန်ရဲအဖွဲ့ လည်ဆွဲဖြင့် ရုပ်အလောင်းကို စွန့်ပစ်၊ လောင်းလုံးသပိတ် ကော်မတီ အဖွဲ့ဝင်များနှင့် ဆန္ဒပြ လူငယ်များ ကိုလည်း စွန်ရဲအဖွဲ့က သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ မေ ၃

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာအုပ်စု မြောင်းပေါက်ရွာနေ ပြည်သူ ကိုသားကြီးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားပြီးနောက် တစ်လကျော်အကြာ ယနေ့ မေလ ၃ ရက်နေ့တွင် ကျေးရွာအနီးအနား၌ စွန်ရဲအဖွဲ့ လည်ဆွဲဖြင့် ရုပ်အလောင်းကို လာရောက် စွန့်ပစ်သွားကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

မတ်လ ၃၁ ရက် ည ၉နာရီ ၃ဝမိနစ်ခန့်က မြောင်းပေါက်ရွာ ရာအိမ်မှူး အောင်ကျော်သက် နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရသော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျေးရွာနေပြည်သူ ကိုသားကြီးကို တရားခံဟုဆိုကာ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်လခန့်အကြာ ယနေ့ မေလ ၃ ရက်နေ့တွင် စွန်ရဲအဖွဲ့က သတ်ဖြတ်ပြီး အလောင်းလာရောက် စွန့်ပစ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စွန်ရဲအဖွဲ့သည် ထားဝယ်ခရိုင် သပိတ်ကော်မတီဖွဲ့ဝင် ကိုမင်းလွင်ဦးနှင့် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြနေသည့် လူငယ်များကိုလည်း သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ စွန်ရဲအဖွဲ့သည် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)များနှင့် ပျူစောထီးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကာ ယင်းအဖွဲ့ကို ဗိုလ်ကြီးများက ဦးဆောင်ပြီး ထိန်းချုပ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article