25 C
Yangon

မြင်းမူတွင် ကျေးရွာ ၃ရွာကို မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို PDF အဖွဲ့များ ဝင်တိုက်ရာစစ်သား ၂၁ ဦးသေဆုံး၊ ကော့မှူး ငှက်အော်စမ်းရွာတွင်လည်း စစ်ယာဉ်တန်း မိုင်း ဆွဲခံရပြီး စစ်ဗိုလ် ၁ဦး အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ဝက်ကျ၊ ကန်ရင်းနှင့် မလဲသာ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ မေလ ၃ရက်နေ့တွင် အကြမ်းဖက် စစာတပ် စစ်ကြောင်းသည် မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာသို့ ရောက်လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို Black Dragon Special Task Force
Golden Eagle Force – Monywa၊ Black Dragon Special Task Force၊ Golden Eagle Force Monywa၊ အရာတော်မြို့နယ် တော်လှန်ရေး အင်အားစုများ နှင့် Monywa သွေးကြွေး Fighter Group (MFG) တပ်ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ မေလ ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ရာ ၃ ပွင့် စစ်ဗိုလ်အပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကြောင်း သတင်းရရှိသည်။

ကော့မှူးမြို့နယ်၊ မကျီးကန်-ကျိုက်ထော်လမ်းမပေါ်တွင် နယ်မြေရှင်းရန် ကင်းပတ်လာသည့် စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၃ ပွင့် စစ်ဗိုလ်မှာ ခေါင်းပွင့်သေဆုံးကာ ဒဏ်ရာရသူ ၂ ဦးကို ရန်ကုန်ဘက်သို့ ပို့ဆောင်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးဝန်းကျင်၌ လုံခြုံရေးတင်းကြပ်ထားပြီး တောနင်းရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

Photo – The Hill

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article