By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၄ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီဗဟိုဘဏ်က ဧပြီလ ၁ ရက်နေ့က စပြီးတော့ အထောက် အထားခိုင်လုံရင် လူတစ်ဦးကို အပ်ငွေ သိန်း ၁၀၀ ထုတ်ယူနိုင်တယ်လို့ ညွှန်ကြားထားပေမယ့် လက်တွေ့မှာ ထုတ်လို့ မရဘူးလို့ ပြည်သူတွေက ပြောပါတယ်။
– မန္တလေးတိုင်း၊ပြင်ဦးလွင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းမှာ ကျောင်းသားတွေ ထွက်ပြေးမှာကို စိုးရိမ်ပြီး ၊ စည်းကမ်းတွေကို ဖြေလျှော့လိုက်တဲ့အပြင် ၊ဗိုလ်လောင်းကျောင်းသားတွေ ထွက်ပြေးတာ၊ CDM လုပ်တာတွေ ရှိလာပါက မိဘ ဆွေမျိုးတွေကို ဖမ်းဆီးတာတွေနဲ့ သတ်ဖြတ်တာတွေ ခံရနိုင် တယ် လို့ကျောင်းစစ်အာဏာပိုင်တွေက တရားဝင် ပြောဆို ခြိမ်းခြောက်ထားတယ်ဆိုပြီး သင်တန်း သားတွေဆီ ကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာမှာ မေလ ၃ ရက်နေ့ မနေ့က တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က အယောက် ၂၀ သေဆုံးခဲ့ပြီး ၊ စစ်သားအလောင်းတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။