25 C
Yangon

Breaking News- မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ KIO က မတက်ဟု တရားဝင် ထုတ်ပြန်ကြေညာ

Must read

ရန်ကုန်၊ မေ ၅

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ယနေ့ တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

KIO ၏ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့ မိန့်ခွန်းပြောဆိုပြီးနောက် မေလ ၂ ရက်နေ့တွင် မင်းနောင်က စာဖြင့် အကြောင်းကြား လာကြောင်း ၊ သို့ရာတွင် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးဆွေးနွေးဖြင့် အဖြေရှာရန် လိုအပ်ကြောင်း၊ ယခု ဖိတ်ခေါ်ချက်သည် ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်း မရှိကြောင်း၊ နိုင်ငံ၏ အရေးအရာများကို ဆွေးနွေး အဖြေရှာမည် ဟူသော သဘောထား မပါရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သို့ဖြစ်၍ ပါဝင်သင့်သူများအားလုံး ပါဝင်နိုင်ပြီး နိုင်ငံ၏ အရေးအရာများကို တန်းတူ ဆွေးနွေးနိုင်မည့်အချိန်အခါ အခင်းအကျင်းရောက်ရှိမှသာ ပါဝင် ဆွေးနွေးမည်ဖြစ်ကြောင်း KIO တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article