25 C
Yangon

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်၊ အင်းလျားလမ်းတစ် လျှောက် လုံခြုံရေးများ တင်းကျပ်ထား

Must read

ရန်ကုန်၊ မေ ၅

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်သို့ ရောက်ရှိနေပြီး ယနေ့ အင်းလျားလမ်းတစ်လျှောက် လုံခြုံရေးတင်းကျပ်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

“ဒီနေ့ညနေ ၅ နာရီ ၃၀ မိနစ်လောက်မှာ အင်းလျားလမ်းစိုးဝင်းခြံရှေ့မှာ စစ်ခွေး အယောက် ၃၀ လောက် ရှိနေတယ်။ အခုအချိန်အထိလည်း စစ်ခွေးတွေရှိနေတယ်။ လက်နက်တွေနဲ့ ကျည်ကာလည်းဝတ်ထားတယ်။ နေ့ လယ်က စိုးဝင်း အိမ်မျက်နှာချင်းဆိုင် Hotel Inya ဘေးကပ်လျက် ခြံ (ပြုပြင်ဆဲ) ကို ရဲကားနှစ်စီးနဲ့ လာပြီး ဝင်စစ်တာလုပ်တယ်။ စိုးဝင်းအိမ်ပတ်ချာလည်မှာတော့ Point တွေအများကြီးပဲ” ဟု သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်နှင့်နီးစပ်သော တပ်သတင်းရင်းမြစ်ကလည်း စိုးဝင်း ရန်ကုန်ရောက်ရှိနေသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြီး ရန်ကုန်ခေတ်သစ်ကရရှိထားသော ခရီးစဉ်ဇယားအရလည်း စိုးဝင်းသည် မေလ ၅ ရက်နေ့နှင့် မေလ ၆ ရက်နေ့တွင် ရန်ကုန်တွင်ရှိမည်ဖြစ်ပြီး‌ မေလ ၇ ရက်နေ့တွင် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးဝင်းသည် ရန်ကုန်ရောက်ရှိနေသော်လည်း မည်သည့်နေရာတွင် တည်းခိုနေသည်ကို ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ခြင်းမရှိဘဲ လုံခြုံရေးထူထပ်စွာ ချထားသည့် အင်းလျားလမ်းနေအိမ်တွင် တည်းခိုဖွယ်ရှိသည်ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article