25 C
Yangon

သကျက်တောရဲစခန်းကို သွေးစ္စာသီချင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြာ်သံများ သီဆိုဟစ်ကြွေး၍ PDF များ ဝင်တိုက်

Must read

ရန်ကုန် ၊ မေ ၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောနယ်မြေရဲစခန်းကို မနေ့မေ လ ၅ ရက်နေ့ ညပိုင်းမှာ သွေးစ္စာသီချင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြာ်သံတွေ သီဆိုဟစ်ကြွေးပြီးတော့ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

မေလ ၅ ရက်နေ့ ည ၉နာရီခွဲဝန်းကျင်လောက်ကနေ နှစ်ဖက်လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်နေကြပြီး မနက် ၃နာရီခွဲလောက်အထိပစ်ခတ်သံတွေကြားရတယ်လို့ဆိုပါတယ်။

“PDF တွေက သွေးသစ္စာသီချင်းတွေ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ကြွေးကြော်သံတွေအော်ပြီး ပစ်တာ။ လက်နက်ကြီးသံတွေလည်းကြားတယ် တစ်ရွာလုံးမြေပါတုန်သွားတာပဲ။ စခန်းကိုတော့သိမ်းလို့မနိုင်လိုက်ဘူးထင်တယ်”လို့သကျက်တောရွာခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရေလမ်းကနေစစ်ကူတွေရောက်လာပြီး အင်အားအများအပြားနဲ့ သကျက်တောရွာမှာ အခုမနက်ရွာထဲမှာဝင်ရောက်ရှာဖွေစစ်ဆေးနေတယ်လို့သိရပါတယ်။

“ရွာထဲမှာတော့ ရွာခံတွေမိသားစုလိုက် အရုဏ်တက်ကတည်းက နီးစပ်ရာခြံတွေထဲပြေးကုန်ကြပြီ။ ရွာထဲမှာအခုလက်ရှိစစ်သားတွေ ဝင်မွှေပြီး ရွာသားတချို့ကိုဖမ်းဆီးထားတယ်” လို့ရွာခံက ပြောပါတယ်။

လက်ရှိမှာ ရွာသား၅ ဦးဖမ်းဆီးခံထားရပြီး သေနတ်ပစ်ဖောက်မှုတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်။
ညကတိုက်ခိုက်မှုအခြေအနေ အသေးစိတ်နဲ့ နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့မသိရသေးပါဘူး။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ကတော့ လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်၊ ကားတွေနဲ့ သုံးရက်ခရီးမသွားဖို့ မနေ့ည ၁၀ နာရီဝန်းကျင်ကထုတ်ပြန်ခဲ့ပြီး ဒီနေ့မနက်မှာတော့ လူသွားလူလာနည်းပါးနေတယ်လို့သိရပါတယ်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article