25 C
Yangon

ပြည်သူများ၏ လက်မှတ် ၅ သိန်းကျော်ကြောင့် NUG ကို တရားဝင်မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန်လွှတ်တော်က ကြားနာ၊ Democracy For Myanmar Groupနှင့် နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

Must read

ရန်ကုန်၊ မေ ၆

အင်တာနက်မှတစ်ဆင့် မြန်မာပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည့် လက်မှတ်ပေါင်း ၅ သိန်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နယူးဇီလန်နိုင်ငံက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန် လွှတ်တော်တွင် ကြားနာပွဲများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများထံမှ သိရှိရသည်။

နယူးဇီလန်အစိုးရက NUG ကို မြန်မာပြည်၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုသော မြန်မာပြည်သူများ၏ လက်မှတ်စုစုပေါင်း ၅ သိန်း ကျော်ကြောင့် မေလ ၅ ရက်နေ့ နယူးဇီလန်လွှတ်တော်တွင် တရားဝင်ကြားနာပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

NUGကို တရားဝင် မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုရေး နယူးဇီလန်လွှတ်တော်၏ မေလ ၅ ရက်နေ့ ကြားနာပွဲသို့ Democracy For Myanmar Group တင်ထောင်သူတစ်ဦးဖြစ်သူ မတင်မမဦးက onlineဖြင့်တက်ရောက်ခဲ့ပြီး နယူးဇီလန် ပါလီမန်နိုင်ငံခြားရေး၊ကုန်သွယ်ရေး၊ ကာကွယ်ရေးရာကော်မတီထံသို့ မြန်မာ့အရေးနှင့်ပတ်သက်၍ အသေးစိတ် တင်ပြမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ တင်ပြချက်ကို မြန်မာ့ ဒီမိုကရေစီရေးမှာ နစ်ပေါင်း၃၀ကျော်တစ်စိုက်မတ်မတ်ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပြီး နယူးဇီလန်အလုပ်သမား သမဂများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်း Mr. Ross Wilson ကထောက်ခံတင်ပြခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် Democracy For Myanmar Group က နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နယူးဇီလန်လွှတ်တော်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article