25 C
Yangon

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီတိုင်းမှူး ထင်လတ်ဦးကို သတိပေး၊ ငြိမ်းချမ်းရေး ဂရုစိုက်မည်မဟုတ်ဘဲ တိုင်းမှူးနေရာအထိ တိုက် ခိုက်မည်ဟု ပြောဆို

Must read

ရန်ကုန်၊ မေ ၆

ရက္ခိုင့်တပ်တော်AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ထင်လတ်ဦးကို လူမှုကွန်ရက် Twitter မှတစ်ဆင့် သတိ ပေးလိုက်ပြီး ငြိမ်းချမ်းရေး ဂရုစိုက်မည်မဟုတ်ဘဲ တိုင်းမှူးနေရာအထိ တိုက် ခိုက်မည်ဟု ပြောဆိုလိုက်သည်။

“ကိုထင်လတ်ဉီးသိပ်လျှောက်မလုပ်နဲ့အာရုံနောက်နေပြီငြိမ်းချမ်းရေးဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူးမင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်” ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် Twitter တွင် ရေးသားထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တည်ရှိပြီး လက်ရှိတွင် စစ်တပ်က ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် စစ်အင်အားတိုးချဲ့မှုများ၊ နယ်မြေချဲ့ထွင်မှုများလုပ်ဆောင်နေကြောင်း ရခိုင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article