25 C
Yangon

အကြမ်းဖက် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေကို ဂျပန်ကာကွယ်ရေးသင်တန်းများမှ ဖယ်ရှား အရေးယူနိုင်ရေး လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုနိုင်

Must read

ရန်ကုန်၊ မေ ၆

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်း ကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း ဒုတိယအကြိမ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပေးမှာဖြစ်ကြောင်း ဂျပန်အစိုးရက မကြာသေးမှီက အတည်ပြုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗိုလ်လောင်းနှစ်ဦးနဲ့ အရာရှိတစ်ဦးတို့ကို ဂျပန်နိုင်ငံရဲ့ National Defense Academy ကလည်းကောင်း အခြားအရာရှိတစ်ဦးကိ Japan Air Self-Defense Force Officer Candidate School မှာလည်းကောင်း လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

HRW သည် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို မြန်မာပြည်သူတွေအပေါ် ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ရေးအစီအစဉ်တွေ ပေးအပ်နေမှုကို ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တောင်းဆိုနေခဲ့ပါတယ်။

မတရားမှုကို လက်သင့်မခံတဲ့ ပြည်သူလူထုအင်အားနဲ့ ဒါတွေကို ရပ်တန့်ဖို့ Justice For Myanmmar ကလည်းတောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ HRW က ဦးဆောင်ကောက်ခံတဲ့ လက်မှတ်စုဆောင်းရေး လုပ်ရှားမှုမှာ အားလုံး အားဖြည့် ပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။

လုံလောက်တဲ့ လက်မှတ်တွေ စုဆောင်းရရှိပြီးတာနဲ့ တပြိုက်နက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်းဆိုလွှာကို လက်မှတ်ထိုးနိုင်ဖို့ ယခုလင့်မှာ ဝင်ရောက်ပါ။ ✍🏽 https://bit.ly/39FIRcv
(လက်မှတ်ထိုးပါဝင်နိုင်ဖို့ ပြုလုပ်ပုံအဆင့်အဆင့်ကို ပူးတွဲပါပုံမှာ ဖော်ပြထားပါတယ်။)👇🏽

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article