25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် စစ်ရာဇဝတ် ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိအုပ်ချုပ်ရေး ပုံစံဟာ ခွဲဝေ ပေးတဲ့ အုပ်ချုပ်မှုစနစ် ပုံစံမျိုး နီးပါး လုပ်ဆောင်ထားတာဖြစ်ပြီး မြန်မာနိုင်ငံ နဲ့ သင့်တော်တဲ့ ဖက်ဒရယ်စနစ် ကိုသာ သွားခြင်းက ပိုကောင်းလိမ့်မယ်လို့ ပြောဆိုလိုက်ပြန်ပါတယ်။
-အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နယူးဇီလန်နိုင်ငံက တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ နယူးဇီလန် လွှတ်တော်မှာ ကြားနာပွဲတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ နယူးဇီလန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေဆီကနေ သိရပါတယ်။
-မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မကွေးတိုင်း ၊ပေါက်မြို့နယ်၊ နံ့သာ-အုပ်စု ၊ကျအိုး-ရွာကို မေလ ၅ ရက်နေ့ ညနေပိုင်းမှာ ဝင်‎ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၂၅ လုံးနီးပါး မီးလောင်ကျွမ်းသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article