25 C
Yangon

ရေစကြိုမြို့နယ်၊ ဇီးကုန်းကျွန်းရွာသား ဦးမြင့်သိန်းကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး ခိုးယူ လုယက်၊ ပေါက်မြို့နယ် ကျွန်းကြီးရွာသား မောင်ငြိမ်းထက်အောင်ကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ မေ ၇

မကွေးတိုင်း ဇီးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ဦးမြင့်သိန်းကို ပစ်သတ်ကာ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကျေးရွာကို ဝင်စီးသည့် စစ်တပ် စစ်ကြောင်းတွင် ပျူစောထီး အဖွဲ့ဝင် အများအပြား ပါဝင်ကာ ဦးမြင့်သိန်းကို သတ်ဖြတ်ပြီးနောက် ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးကာ ပစ္စည်းများ ခိုးယူ လုယက်သွားကြောင်း သိရသည်။

” ဇီးကုန်းကျွန်းရွာကို စခနဲ့ ပျူတွေ ဝင်ရောက်ပြီး နေအိမ်တွေကို ဝင်ရောက်မွှေနှောက်သွားတယ်။ ပြည်သူပိုင် ပစ္စည်းတွေ ကိုလည်း အဓမ္မ လုယူ သယ်ဆောင်သွားတယ်။ ရွာသား တစ်ဦးကိုလည်း ပစ်သတ်သွားတယ်။ ရွာက အကုန် ထွက်ပြေး နေရတယ်။ အိမ်တွေလည်း ဖျက်ဆီးသွားတယ်။ NLD ပါတီ ဝန်းရံ ထောက်ခံတဲ့ အိမ်တွေ၊ အရေအတွက်တော့ အတိအကျ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း ပေါက်မြို့နယ် ပျဉ်းချောင်းရွာအနီး အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းကြီးကျေးရွာသား မောင်ငြိမ်းထက်အောင် ကိုစစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ် ပစ်သတ်လိုက်သော ကျွန်းကြီးကျေးရွာသား မောင်ငြိမ်းထက်အောင်သည် ရန်ကုန်သို့ သွားရောက်ရန် ပေါက်မြို့ပေါ်ရှိ အဝေးပြေးဂိတ်သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပစ်သတ်ခံရခြင်းဖြစ်ပြီး အဖော်လိုက်ပါလာသူ မောင်အောင်မိုးကို ကိုလည်း စစ်တပ်က ရေပြာ ရဲစခန်းတွင် ဖမ်းဆီးခံထားကြောင်း သိရသည်။

” ကျွန်းကြီးရွာကနေ ရန်ကုန်သွားဖို့ မြို့ပေါ် အဝေးပြေး ဂိတ်ကို အသွား ပစ်ခံရတာ အသက် ၂ဝ အရွယ် မောင်ငြိမ်းထက်အောင် ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်လို့ သိရတယ်။ အဖော်လိုက်သွားတဲ့ အသက် ၁၈ နှစ်အရွယ် မောင်အောင်မိုးကို ကိုတော့ ရေပြာ ရဲစခန်းမှာ ဖမ်းဆီးခံထားတယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်က မောင်ငြိမ်းထက်အောင်ကို ပစ်သတ်ပြီးနောက် ရုပ်အလောင်းကို ယူဆောင်သွားကာ လက်ရှိချိန်ထိ မိသားစုဝင်များထံ အလောင်း လာရောက် ပို့ဆောင်ခြင်းမရှိသေးဘဲ မောင်အောင်မိုးကို ကိုလည်း မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article